ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နှံရာတွင် တစ်ပါတည်းပါရှိရမည့် အချက်များ
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်
ပထမနှစ် ဝင်ခွင့်ရ ကျောင်းသား၊ကျောင်းသူများ
ကျောင်းအပ်နှံရာတွင် တစ်ပါတည်းပါရှိရမည့် အချက်များ
၁။ ကျောင်းသား၊ကျောင်းသူနှင့်မိဘတို့၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (၂)စုံ (မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးမည်။ မိတ္တူများကို A4 စက္ကူ ပထမစာမျက်နှာတွင် အပေါ်အောက် ထင်ရှားစွာဆွဲရန်)
၂။ အိမ်ထောင်စုဇယား မိတ္တူ ။
၃။ ၆-လ အတွင်း ရိုက်ကူးထားသော (1” x 1”) အရွယ် ဓာတ်ပုံ (၅)ပုံနှင့် (0.8” x 0.8”) အရွယ် ဓာတ်ပုံ (၂)ပုံ (အပြာရောင်နောက်ခံပေါ်တွင် အင်္ကျီအဖြူဖြင့် ရိုက်ရန်)။
၄။ ကျန်းမာရေးကောင်းမွန်ကြောင်း မြို့နယ် ဆရာဝန်/ဒေသန္တရကျန်းမာရေးဌာန၏ ထောက်ခံချက် (မူရင်း)။
၅။ ရပ်ကွက်မှ အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာမြို့နယ် ရဲစခန်း၏ ထောက်ခံချက် (မူရင်း)။
၆။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ကြောင်း ထောက်ခံစာမူရင်း (သို့) အောင်လက်မှတ် မိတ္တူ။
၇။ တက္ကသိုလ်ဝင်တန်းအောင် အမှတ်စာရင်း(မူရင်း)။
ဒုတိယနှစ်မှ ဆဌမနှစ် ကျောင်းသား၊ကျောင်းသူများ
ကျောင်းအပ်နှံရာတွင် တစ်ပါတည်းပါရှိရမည့် အချက်
၁။ ၆-လ အတွင်း ရိုက်ကူးထားသော (0.8” x 0.8”) အရွယ် ဓာတ်ပုံ (၂)ပုံ (အပြာရောင်နောက်ခံပေါ်တွင် ကျောင်းဝတ်စုံဖြင့် ရိုက်ရန်)။
